Code of Conduct

အဂတိလိုက်စားမှု

  • City Properties Co.,Ltd မှဒါရိုက်တာများ၊ ၀န်ထမ်းများ၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များအားလုံးတို့၏ အဂတိလိုက်စားမှု ပြုလုပ်ခြင်း၊ လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းစသည့် လုပ်ရပ်များအားလုံးကို သည်းခံခွင့်လွှတ်မည် မဟုတ်ပါ။
  • ကျွန်ုပ်တို့ City Properites Co.,Ltd မှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ လိုအပ်သည်ထက်ပိုမိုသော အခွင့်အရေးအကျိုးအမြတ်များကို ပေးပါမည်ဟု ကတိပေး၍သော်လည်းကောင်း၊ ကမ်းလှမ်းခြင်းဖြင့်သော်လည်းကောင်း လုပ်ငန်းဆောင်ရွက်ခြင်းမပြုရပါ။
  • ထို့အပြင် မလျှော်ဩဇာလွမ်းမိုးခြင်းဖြင့် ပြည်သူအများအကြားသို့မဟုတ် ပုဂ္ဂလိက၀န်ထမ်းများအကြား၌ မှန်ကန်သောနည်းလမ်းများဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းများလည်း ပြုလုပ်ခြင်းမရှိပါ။

အရက်နှင့်မူးယစ်ဆေးဝါးသုံးဆွဲဆိုင်ရာမူဝါဒ

  • အဆောက်အအုံဥပစာ၏ အတွင်းပိုင်း မည်သည့်ဧရိယာများတွင် မဆို ဆေးလိပ်သောက်ခြင်း လုံးဝ ခွင့်မပြုပါ။
  • ကျွန်ုပ်တို့၏ အဆောက်အအုံဥပစာအတွင်း မည်သည့်ဝန်ထမ်းမျှ တရားမ၀င်သော ဆေးဝါးများကို လက်ဝယ်ထားရှိခွင့်မရှိပါ။
  • ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများသည် ဌာနခွဲများ၏ အဆောင်အဦးဥပစာများနှင့် ယင်းတို့၏ ပရ၀ဏ်(အဆောက်အဦး ဥပစာဝင်း)အတွင်းရှိနေစဉ် ဥပဒေနှင့်ညှိစွန်းသော ဆေးဝါးသုံးစွဲခြင်းနှင့် အရက်သေစာသောက်စားခြင်းတို့ကို လုံးဝပြုလုပ်ခွင့် မရှိသည့်အပြင် ယင်းဆေးဝါးများကို သုံးစွဲပြီးမှ လာရောက်လာခြင်း၊အရက်သောက်စားပြီးမှ လာရောက်ခြင်းတို့ကိုလည်း လုံးဝ ခွင့်မပြုပါ။

နောက်ကျခြင်း

  • မိမိအလုပ်ဝင်ချိန်ထက် ၂၅မိနစ်အောက် နောက်ကျမှုဖြစ်လျှင် နောက်ကျမှု (၁)ကြိမ်အဖြစ် သတ်မှတ်မည်။
  • မိမိအလုပ်ဝင်ချိန်ထက် ၂၅မိနစ်အောက် နောက်ကျမှု(၅)ကြိမ်နောက်ကျပါက လစာမဲ့ခွင့်(၁)ရက်အဖြစ် သတ်မှတ်ပြီး လစာ(၁)ရက်စာဖြတ်တောက်မည်။
  • တစ်လအတွင်း(၁၀)ကြိမ်ထက် ပိုနောက်ကျပါက နောက်ကျခြင်း အတွက် သတိပေးခြင်း (Late Warning) ပေးခြင်း ခံရမည်။
  • ၂၅မိနစ်အထက် နောက်ကျမှု(၁)ကြိမ်ဖြစ်လျှင် လစာမဲ့ခွင့်တစ်ရက်အဖြစ် သတ်မှတ်ပြီး လစာ(၁)ရက်စာ ဖြတ်တောက်မည်။
  • ထိုနေ့အတွက် ထမင်းစာရိတ်နှင့် လူနေမှုစရိတ် ခံစားခွင့် ရှိသည်။
  • တစ်လအတွင်း(၁၀)ကြိမ်နှင့် အထက်နောက်ကျပါက ရုံးခန်းတွင်ခေါ်ယူ၍ သတိပေးခြင်းခံရမည်။

နောက်ကျခြင်း

  • တစ်နှစ်အတွင်း ခေါ်ယူသတိပေးခြင်း (၃)ကြိမ်ရှိပြီနောက် စာဖြင့် သတိပေးခြင်းခံရမည်။
  • ၂၅မိနစ်အထက် နောက်ကျမှု(၁)ကြိမ်ဖြစ်လျှင် လစာမဲ့ခွင့်တစ်ရက် အဖြစ်သတ်မှတ်ပြီး လစာ(၁)ရက်စာ ဖြတ်တောက်မည်။
  • ထို့နေ့အတွက် ထမင်းစရိတ်နှင့် လူနေမှုစရိတ်ခံစားခွင့် ရှိသည်။
  • တစ်နှစ်အတွင်းခေါ်ယူ သတိပေးခြင်း(၃)ကြိမ်ရှိနောက် စာဖြင့် သတိပေးခြင်း ခံရမည်။
  • စာဖြင့် သတိပေးခြင်းခံရပြီး နောက်ထပ်(၁)ကြိမ်ထပ်မံကျူးလွန်ပါက အလုပ်မှ ရပ်စဲခြင်းခံရမည်ဖြစ်သည်။

ခွင့်

  • အလုပ်ဝင်ချိန်မှ(၂)နာရီ အတွင်းမဖြစ်မနေ ခွင့်တိုင်ကြားရန်။
  • လူကြုံပါး ခွင့်တိုင်ကြားခြင်း မပြုလုပ်ရန်။
  • အကြောင်းကြားခြင်းမရှိ ပျက်ကွက်ပါက(Absent)

မပြုလုပ်ရန်

  • Telephone ကို မိမိကိုယ်ရေးကိုယ်တာအတွက် အသုံးခြင်း။
  • Notice Board တွင် တခြား အတင်းအချက်အလက်များ ရေးခြင်း။
  • ၀ယ်သူမေ့ကျန် ပစ္စည်းများအား သိမ်းထားခြင်း။
  • ၀ယ်သူ/ရောင်းသူများထံမှ လက်ဆောင်ပစ္စည်းများ ရယူလက်ခံခြင်း။

မပြုလုပ်ရန်

  • ၀န်ထမ်းအားလုံးသည် Supplier/Customerထံမှ တိုက်ရိုက်ဆက်သွယ် ၀ယ်ယူခြင်း၊ အကူအညီတောင်းခံခြင်း၊ လက်ဆောင်ပစ္စည်း လက်ခံရယူခြင်း။
  • အနှောင့်အယှက်ဖြစ်စေသော ကိုယ်ရေးကိုယ်တာ ဆက်နွယ်မှုများ၊ လူမှုရေး ရှုပ်ထွေးခြင်းများ။
  • အချင်းချင်း အုပ်စုဖွဲ့ စည်းရုံးမှု ပျက်ပြားအောင် လှုံဆော်ခြင်း၊ သွေးထိုးခြင်း။
  • ၀န်ထမ်းအချင်းချင်း မသင့်မြတ်အောင် ၀ါဒဖြန့်ချီခြင်း

တူညီဝတ်စုံ

  • City Properties Co.,Ltd တွင် တာဝန်ထမ်းဆောင်နေသော R-6နှင့်အထက် ၀န်ထမ်းများမှလွဲ ကျန်ဝန်ထမ်းများသည် တူညီဝတ်စုံဝတ်ဆင် ရမည်။